ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ 

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၂၆  

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ယမန်နေ့ နေ့လည် ၁၂ နာရီက  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

အဆိုပါ စာဖတ်ဝိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့အေးမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်၊ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ၊ လွပ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး လူငယ်များမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

ဖြိုးစန္ဒာကျော်