ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပ

သရက် ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၂၀၂၁-၂၀၂၂)ပညာသင်နှစ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူရက အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က သန်ချဆေး တိုက်ကျွေးရခြင်း ရည်ရွယ်ချက် ပြောကြားရာမှာ ကျောင်းသား/ကျောင်းသူများအား အချိန်မှန် သန်ချဆေးတိုက်ကျွေး ခြင်းဖြင့် ကိုယ်ခန္ဓာကိုယ်ဖွံ့ဖြိုးစေပြီး ဉာဏ်ရည်ထက်မြက်စေခြင်းနှင့် ကျောင်းတွင် သွက်လက် ထက်မြက်စွာ စာသင်နိုင်ကြားစေရန်၊ အခြားရောဂါများ ဝင်ရောက်လာမှုကို ကြံ့ကြံ့ခိုင်နိုင်စေရန် ရည်ရွယ်၍ တိုက်ကျွေးရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

သန်ချဆေး တိုက်ကျွေးခြင်းကို ဒီဇင်ဘာ(၂၇)ရက်နေ့တွင် အမက(အနမ)၊အမက(တမတ)၊ အမက (မီးသွေးဖုတ်)၊ အမက(ရုံးရပ်)၊အထက(၃)၊အထက(၁)၊ထခွဲ(လ၃) ကျောင်းများတွင်တိုက်ကျွေး သွားမည်ဖြစ်ပြီး ဒီဇင်ဘာ(၂၈)ရက်နေ့တွင် အထက(၃)၊အမက(ကံသာစု)၊ အထက(၁)၊အမက (ပတအ)၊ အမက(ပတအ-အနောက်ရပ်)ကျောင်းနှင့် အမက (ခလရ-၄၄)ကျောင်းများတွင် နံနက် (၁၀)နာရီတွင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ဇော်ထက်(သရက်)