သတင်းများ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသူများ၏ ရင်တွင်းစကားသံများ
Dec 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်း မြို့နယ်တွင်  ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင်များ၊ အသက် ၆၅နှစ် နှင့်အထက် အဘိုးအဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများ၊ သယ်ယူ ပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို နေစဉ် ထိုးနှံပေးလျက်ရှိသည်။
မြန်အောင် မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 26,2021
 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ် ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့မနေခြည်ဈေးရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဒေသပေါက်နွားအများစုတွင် အရေပြားအကြိတ်ရောင်ရောဂါဖြစ်ပွား၍ နွားဈေးနှုန်းများကျဆင်းနေ
Dec 26,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင်  ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်းမှ စတင်၍ နွားအရောင်းအဝယ်များ ရပ်တန့်နေပြီး ယခုချိန်တွင် နွားအများစုမှာ အရေပြားအကြိတ်ရောင် ရောဂါဖြစ်ပွားနေ၍ အခြားဒေသမှ ဝယ်သူများ မရှိခြင်းတို့ကြောင့် နွားဈေးနှုန်းကျဆင်းနေရကြောင်း ဒေသခံ အိမ်တွင်းတစ်နိုင်တစ်ပိုင် နွားမွေးသူများထံမှ သိရသည်။
ပခုက္ကူမြို့နယ်၌ ပန်းခင်းစီမံချက်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်
Dec 26,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင်  အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုး ထုတ်ပေးရေးပန်းခင်းစီမံချက်ဖြင့် လှုပ်ရှားဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ ရေးဦးစီးဌာနရုံးဝန်းအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်အသီးသီးတို့၌ ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ကြသည်။
တံတားဦးမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် ရေးဖြေစာမေးပွဲ ဆက်လက်ကျင်းပ
Dec 26,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့်  အဘိဓမ္မာ နှင့် ဝိသုဒ္ဓိမဂ် ရေးဖြေစာမေးပွဲကို တံတားဦးမြို့ မေဃဝန်ပရိယတ္တစာသင်တိုက် ရွှေမင်းသမီး ဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီက ဆက်လက်ကင်းပကြောင်းသိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 26,2021
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Dec 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေး ပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီခွဲက ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။