ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ပြသ

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက လွတ်လပ်ရေးနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်များ၊ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ များ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းအကျဉ်းစသည့် လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ လူငယ်များ သိသင့် သိထိုက်သော ဆောင်ပုဒ်များ၊ စကားစုများ၊ စာအုပ်စာစောင်များ ပြသထားပြီး လူငယ်များ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာကျော်