ကျောက်ဆည် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊နှမ်းနှင့်နေကြာ သီးနှံများကို ဧကပေါင်း(၁၁၅၈၅)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယခုအခါ ဧကပေါင်း (၅၂၀၂)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံဖြစ်သည့် ဆီထွက်သီးနှံများကို ရေ၊မြေ၊ဒေသအလိုက် စိုက်ပျိုး လျက်ရှိရာ မြေပဲသီးနှံများကိ တိုက်နယ်(၁)တွင်(၃၀)ဧက၊ တိုက်နယ်(၂)တွင်(၈၀)ဧက၊ တိုက်နယ်(၅)တွင် (၅)ဧက၊ တိုက်နယ်(၁၁)တွင်(၂၀)က၊ တိုက်နယ်(၁၂)တွင်(၁၆၇)ဧက၊ နှမ်းသီးနှံများကို တိုက်နယ်(၆)တွင် (၈၂)ဧက၊ တိုက်နယ်(၈)တွင်(၃၅)ဧက၊ တိုက်နယ်(၁၁)တွင် (၂၈၇)ဧက၊ တိုက်နယ်(၁၂)တွင်(၁၀၉၀)ဧက နှင့် နေကြာသီးနှံများကို တိုက်နယ်(၁)တွင်(၆၄၇)ဧက၊ တိုက်နယ်(၂)တွင်(၃၇၆)ဧက၊ တိုက်နယ်(၄)တွင်(၃၂၀)ဧက၊ တိုက်နယ်(၅)တွင်(၁၀)ဧက၊ တိုက်နယ်(၆)တွင်(၄၀)ဧက၊ တိုက်နယ်(၈)တွင်(၃၅၀)ဧက၊ တိုက်နယ်(၁၀)တွင် (၄၂၀)ဧက၊ တိုက်နယ်(၁၁)တွင်(၄၄၆)ဧက၊ တိုက်နယ်(၁၂)တွင်(၇၉၇)ဧက စုစုပေါင်း(၅၂၀၂)ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ထိုသို့စိုက်ပျိုးပြီးသော်လည်း လျာထားစိုက်ဧက(၁၁၅၈၅)ဧကပြည့်မီကျော်လွန်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် တောင်သူများ ပူးပေါင်းပြီး ဆက်လက်စိုပျိုးလျက်ရှိကြောင်း သိရှိရသည်။