မုဒုံ ဒီဇင်ဘာ ၂၆
နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မွန်ပြည်နယ်ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်မွန်စာပေပညာရှင်တို့၏ အဓိပတိ(မဟာပညာကျော်အရှင်ကဝိ)ဓာတ်တော် ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပါလိတ မထေရ်မြတ်၏ အန္တိမ အဂ္ဂိစျာပန အခမ်းအနားကို ၁၃၈၃ ခုနှစ် ၊ နတ်တော်လကွယ်နေ့၊ ၂၀၂၂ ခုနှစ် ၊ ဇန်န ဝါရီလ (၁)ရက်တွင် မွန်ပြည်နယ်၊မုဒုံမြို့နယ် ကမာဝက်မြို့၌ ကျင်းပမည် ဖြစ် သည်။
သက်တော် (၉၇)နှစ်၊ သိက္ခာတော် (၇၆)ဝါရှိ ဘဒ္ဒန္တပါလိတ မထေရ်မြတ်သည် ၁၃၈၃ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရာ နတ် တော်လပြည့်ကျော် ၉ ရက်မှ ၁၁ ရက်အထိဓမ္မပူဇာသဘင်ကျင်းပမည် ဖြစ်ကြောင်း နတ်တော်လပြည့်ကျော် ၁၂ ရက် မှ ၁၃ ရက်အထိ ညနေ ၅ နာရီခွဲအချိန်တွင် မထေရ်မြတ်၏ ဂုဏ်ပြုအစီအစဥ်အဖြစ် မွန်စာရေးဆရာများအသင်းမှ စာပေဟော ပြောပွဲ၊ကဗျာ၊လင်္ကာ၊ရွတ်ဆိုပွဲ ကျင်းပမည်ဖြစ်ကြောင်း ၊မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား နေ့စဥ် လာရောက်ဖူးမြော်သူများပြားကြောင်း အန္တိမ အဂ္ဂိစျာပန အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။
အန္တိမ အဂ္ဂိစျာပန အခမ်းအနားကို ၁၃၈၃ ခုနှစ်၊နတ်တော်လကွယ်နေ့၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁)ရက် မွန်းတည့် (၁၂) နာရီတွင် မွန်ရိုးရာအတိုင်း ဆင်ယင် ကျင်းပမည် ဖြစ်ကာ မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်သူများအနေ ဖြင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးသတ်မှတ်စည်းကမ်းချက်များ အတိုင်းလိုက် နာကြရန် အသိပေးနှိုးဆော်ထားကြောင်းသိရသည်။
အောင်မျိုးသူ