သတင်းများ

ချောင်းဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများ ကျင်းပ
Dec 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်ကစတင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ စာစီစာကုံး ပြိုင်ပွဲကျင်းပ
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် (၇၄)မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ (ထက်၊ လယ်၊ မူ) စာစီစာကုံး ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပွင့်ဖြူမြို့အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင် သန်စွမ်းစေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်း အားကစား ပြိုင်ပွဲများကို ပြုလုပ်ကျင်းပလျက်ရှိရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ သန်လျင်၌ ကျင်းပ
Dec 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ များကို ယနေ့ နံနက်မှစ၍ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်း သောက်သုံးရေ သွယ်ယူ​ခြင်းလုပ်ငန်းဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ လော်ခါးကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုအခက်အခဲများ မရှိစေရေးနှင့် ကျေးရွာအတွက် သောက်သုံးရေ လုံလောက်စွာရရှိစေရေး စိမ့်စမ်းရေထွက်နေရာနှင့် သောက်သုံးရေသွယ်ယူခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၂၈ ရက်မှ စတင်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် ဒေသခံ ကျေးရွာလူထုက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိ
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နောင်ကတ်ကျေးရွာ၌ စိုက်ပျိုးရေး တောင်သူများသည် ပဲတိုင်ထောင်စိုက်ခင်းများ စိုက်ပျိုးကာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိလျက် ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းအား ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။