မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Dec 29,2021
ကျေးလက်နှင့်မြို့ပြ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ ရည်ရွယ်လျက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့နယ်၊ ကော့ပေါက်ကျေးရွာအုပ်စုသို့ ရောက်ရှိကာ အခြေခံပညာ အထက်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး အားကစားပစ္စည်းများ ထောက်ပံ့၍ ကော့ပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ကို ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပေးသည်။