သတင်းများ

ပန်းတနော်မြို့ သန့်ရှင်းသာယာလှပပြီး ( Clean City ၊Green City) ဖြစ်ပေါ်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပပြီး (Clean City ၊ Green City) ဖြစ်ပေါ်လာစေရေး အတွက်မြို့ဝင်/မြို့ထွက် ရန်ကုန်-ပုသိမ်ကားလမ်းနှင့် ပန်းတနော်-ဝါးခယ်မ ကားလမ်းဘေးဝဲ/ ယာတို့တွင် ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
ရေဖြူမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်
Dec 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်​ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက အ-ထ-ကရေဖြူ ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show)ပွဲ အစီအစဉ် ရိုက်ကူး တင်ဆက်
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show)ပွဲ အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ နံနက် ၁၀နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်း ပေးလျက်ရှိ
Dec 29,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မိဘပြည်သူ များအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်သော အတွေးအမြင်များနှင့် ဝေဖန်ပိုင်းခြား ဆုံးဖြတ်တတ်‌လာစေရေး စာအုပ်၊ စာစောင်များအား
အင်္ဂပူမြို့နယ် ထူးကြီးမြို့၌ အမှိုက်မစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့အတွင်း ဖြတ်သန်းသွားသော ဟင်္သာတ-ဆုံကုန်း-မြန်အောင် လမ်းမကြီး လမ်းဘေးဝဲယာအား သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ရေးနှင့် လမ်းဘေး ဝဲယာတွင် အမှိုက်များမစွန့်ပစ်ရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က စုပေါင်းအမှိုက်ကောက်ခြင်းပြုလုပ်ခဲ့သည်။
ဘုရားသုံးဆူမြို့၌ ပီလောပီနှံ စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကောင်းရရှိ
Dec 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ တောင်သူများအနေဖြင့် ဆန်စပါးအပြင် အခြားရာသီသီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပီလောပီနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် ယခုနှစ်အတွင်း ပီလောပီနှံ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်၌ လူဦးရေပေါင်း(၂၂၀၉၅)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်အထိ ထိုးနှံပြီးဖြစ်
Dec 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မြို့တော်ခန်းမ၌ မြို့နယ်အတွက် ထပ်မံရောက်ရှိ လာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ပထမအကြိမ်နှင့် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကို ဒီဇင်ဘာလအတွင်း ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၂၈)ရက်အထိတွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ အပါအဝင် လူဦးရေပေါင်း(၂၂၀၉၅)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းဆောင်ရွက်
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ယနေ့နံနက် ၉နာရီအချိန်က မင်းပိုင်ရပ်ကွက်ရှိ တောင်ပေါ်နဒ္ဒဝန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။