နမ့်စန်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပမည်
Dec 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်း တာဝန်အလိုက် စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း အားကစား ပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီထံမှ သိရသည်။