(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲနှင့် စာစီစာကုံး၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပ
Dec 30,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အလယ်တန်း၊ မူလတန်းကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲနှင့် စာစီစာကုံး၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ မူလတန်းအဆင့် မီတာ (၅၀) အပြေး၊ မီတာ (၅၀)အာလူးကောက်၊ မီတာ(၅၀)အိတ်စွပ်၊ အလယ်တန်းအဆင့် မီတာ(၅၀) ထုပ်စည်းတိုး၊ အာလူးကောက်နှင့် အထက်တန်းအဆင့် မီတာ(၅၀) အိတ်စွပ်၊ ထုပ်စည်းတိုး၊ လွန်ဆွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။