သတင်းများ

မောက်မယ်မြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Dec 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မောက်မယ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအတွင်းရှိဘိုးဘွားများအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဝေါမြို့၌ အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား Phase 5 Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဝေါမြို့နယ်ခန်းမတွင် ၂၈.၁၂.၂၀၂၁ ရက်နေ့နှင့် ၂၉.၁၂.၂၀၂၁ ရက်နေ့များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသူများအား Phase-5 ပထမအကြိမ် Sinovac ဆေးကို လည်းကောင်း၊ Phase-3, 4 ပထမအကြိမ် ဆေးထိုးပြီးသူများအား ဒုတိယအကြိမ် Sinopharm ဆေးကိုလည်းကောင်း တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိသည် ။
ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်
Dec 29,2021
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များအနက်မှ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ငလျင်ဘေး ဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့ နံနက် (၁၀)နာရီခွဲ တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွမ်းခြုံမှု ၅၀ ရာခိုင်နှုန်းပြည့်မီရေးအတွက် ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး လွမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ပြည့်မီရေးအတွက် အသက် ၁၈ နှစ် အထက် ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 29,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်‎ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဒေသခံပြည်သူ ၁၇၅ ဦး လာရောက်ထိုးနှံကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မန့်ဟီးရိုးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်   ရပ်ကွက်ကျေးရွာများနှင့် အခြေခံပညာအထက်တန်း ကျောင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Dec 29,2021
 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာ များတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများနှင့် အခြေခံပညာ အထက်တန်းကျောင်းများရှိ အသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇောင်ချမ်းကုန်း ကျေးရွာအုပ်စုတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်စေမည့် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ ဆက်သွယ်ထားသည့် သခွပ်မြစ်တံတားသစ် တည်ဆောက်မှု ပြီးစီး
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ်ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်းကုန်း လမ်းမကြီးပေါ်ရှိ သခွပ်မြစ်တံတားသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့-၃၊ တံတားအထူးအဖွဲ့(၁၁)မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် သခွပ်မြစ်တံတားသစ်မှာ တည်ဆောက်မှုပြီးစီးနေပြီးဖြစ်ကြောင်းသိရသည်။