သတင်းများ

(၇၄)နှစ်မြှောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်
Jan 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီ စာကုံး၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းနားကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ပန်း​တောင်းမြို့နယ် အားကစားခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Jan 02,2022
ပဲခူးတိုင်း​ဒေသကြီး၊​ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌  ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်    မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်း အမှတ်အဖြစ် အားကစားပြိုင်ပွဲများကို အားကစားခန်းမ၌ ဇန်နဝါရီ၂ရက် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်ဆည်ရွာကျေးရွာတွင် အခြေခံရှေးဦးပြုစုနည်း(၁/၂၀၂၂) သင်တန်းဖွင့်လှစ်
Jan 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း (၁/၂၀၂၂)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆည်ရွာ ကျေးရွာတောရ စလေကျောင်း၀င်းအတွင်းရှိ အနန္တဂုဏ်ရည်ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အခြေခံပညာအဆင့် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အခြေခံပညာအဆင့် စာစီ စာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင် ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ယနေ့နံနက်၉ နာရီက ၊(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအဖြစ် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အ.ထ.က(ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်း၏ (၂၄)ကြိမ်မြောက်မြတ်ဆရာ ပူဇော်ပွဲ ကို အစဉ်အလာမပျက်ကျင်းပပြုလုပ်သွားမည်
Jan 02,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်း ကျောင်းတွင် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို နှစ်စဉ် ကျင်းပပြုလုပ် လာလျက်ရှိပြီး ယခုနှစ် (၂၄) ကြိမ်မြောက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေ များအရ အခမ်းအနားပုံစံဖြင့် ကျင်းပပြု လုပ် သွားမည်မဟုတ်ဘဲ အစဉ်အလာ မပျက် စေရေးအတွက် ငွေလွှဲစနစ် (Wave Money)ဖြင့် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများကို လှူဒါန်းပူဇော် ပေးသွားမည် ဖြစ်ကြောင်း အ.ထ.က(ထန်းတပင်) မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှသိရသည်။
ကျေးသီးမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး   ပြိုင်ပွဲကျင်းပ
Jan 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက်( ၉ ) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲ ပြုလုပ်
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး  ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အထက ၁ ကျောင်းတွင်  ပြုလုပ်ခဲ့သည်။