ဟင်္သာတမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

ဟင်္သာတ ၊  ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး  ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အထက ၁ ကျောင်းတွင်  ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို “လွတ်လပ်ရေးအမွေနှင့် အနာဂတ်မျိုးဆက်သစ်တို့၏တာဝန်    ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်ရာ ကျောင်းသား/သူ  အထက် တန်းအဆင့်(၃၄)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဟင်္သာတမြို့နယ်တွင်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို နှစ်စဉ်နှစ်တိုင်းကဲ့သို့ ကျောင်းသား/ကျောင်းသူများအား  စာစီစာကုံးပြိုင်ပွဲ ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးပြီး ဆုများလည်း  ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးလှမြင့်ထံမှ သိရသည်။

ကိုဇော် (ဟင်္သာတ)