သတင်းများ

ကစိုကျေးရွာ၌ (၂၃) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်
Jan 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၃)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ဇန်နဝါရီလ ၂ ရက်နေ့ ည ၇ နာရီ   အချိန်က စတင်ထိုးသတ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Jan 02,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ် တန်း(၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန Community Center ရှိ ပိုက်ကျော်ခြင်းကွင်းတွင် ယနေ့နံနက်ပိုင်းမှ စတင်ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ
Jan 02,2022
ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်းကာ အားကစားနည်းများအလိုက် ဇန်နဝါရီ(၁)ရက်မှ (၄)နေ့ထိ ကျိုက်ထိုမြို့၊ ဖက္ကလိပ် ကျေးရွာရှိ အောင်ဆန်းအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ရာ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီးပွဲစဉ်  ပထမရက်အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည့်  ဌာနဆိုင်ရာများအား သတ်မှတ်ကစားနည်းများအလိုက် ကျင်းပ​ပေးမည်ဖြစ်သည်။
မြန်အောင်မြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲနှင့် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနား ကျင်းပပြုလုပ်
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲနှင့် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ ရသအောင်မြေစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လမိုင်းမြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေး
Jan 02,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှအသက်(၂)အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လမိုင်းမြို့ ကျေး လက်ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် “ညစျေးတန်း” ဖွင့်လှစ်မည်
Jan 02,2022
ရန်ကုန်တိုင်းသေကြီး၊ တွံတေးမြို့နယ်၌ ပြည်သူအများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေး၊ ဗိုလ်ချုပ်လမ်း၊ရွှေဆံတော်ဘုရားလမ်းမကြီးတို့၌ ပြန့်ကျဲနေသော အမြဲတမ်းစျေးရောင်းနေသည့် စျေးသည်များတစ်နေရာထဲမှာ တစ်စုတစ်စည်းဖြင့် စည်းကမ်းတကျ ရောင်းချရေး၊ စားသုံးသူ ပြည်သူအများ ကိုယ့်ဝယ်ယူလိုသော စားသုံးကုန်များ တစ်နေရာထဲမှာ ကြိုက်နှစ်သက်ရာကို စားသုံးနိုင်ရေး ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ တွံတေးမြို့ မင်းရဲကျော်စွာလမ်းမကြီး (ကမ်းနားနာရီစင်)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ညနေ့(၃)နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေပြည်သူများအား ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး
Jan 02,2022
ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်(၉)နာရီက  ပလူကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်လည်း ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၅) နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 02,2022
၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ၁၂ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက်၊စိန်ရတုပြည်ထောင်စု နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။