ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁) ကျင်းပ
Dec 30,2021
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ပြည်နယ် ဥပဒေချုပ် ဦးကြည်မြိုင်၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။