သတင်းများ

ကျိုက်မရောမြို့တွင်(၇၄)နှစ်မြောက်လွတ်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာ​စောင် ပြည်သူများသို့ဖြန့်ဝေ
Jan 02,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ခု နှစ်ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း​ စောင်များကို ကျိုက်မရော မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးနှင့် ဝန်ထမ်းများကယနေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံ လမ်းဝများနှင့် စျေးများတွင်ပြည်သူများလေ့လာဖတ်ရူနိုင်စေရန်လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ပွင့်ဖြုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Jan 02,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  ပွင့်ဖြူမြို့နယ်တွင်   ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈နာရီအချိန်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားကွင်းတွင် စတင်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  
ငပု​တောမြို့နယ်တွင်  (၇၇) နှစ်​မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ​တော်  ကျင်းပ
Jan 02,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပု​တောမြို့နယ် ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု  ရေငံသရက် ကုန်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ကရင်သက္ကရာဇ်  ၂၇၆၁ခုနှစ် (၇၇)ကြိမ်​မြောက်  ကရင်အမျိုးသား နှစ်သစ်ကူးပွဲ​​တော်အကြို​နေ့ အခမ်းအနားကို  ယမန်​​နေ့  ည​နေ  ၆ နာရီ အချိန်က ကျင်းပခဲ့​ကြောင်း သိရသည်
မြဝတီမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ
Jan 02,2022
ကရင်သက္ကရာဇ် ၂၇၆၁ခု နှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်း အနားကို မြဝတီမြို့ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် ယနေ့နံနက် ၆ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်သည်။
ထီးချိုင့်မြို့နယ် Community Centre ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၄)နှစ်မြောက် လွတ် လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး  Talk Show ဆွေးနွေးပွဲကျင်းပ
Jan 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂ ရက် က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အားကစားနှင့် ကျန်းမာရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်
Jan 02,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre)  ခန်းမ၌ ယမန် နေ့လည် ၁၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် ကျန်းမာရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မာန်အောင်မြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ပန်းချီပြိုင်ပွဲများ ကျင်းပ
Jan 02,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စျေးတန်း၌ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီ စာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကိုယနေ့နံနက်၁၁နာရီက ကျင်းပခဲ့ကြောင်းသိရသည်။