ရပ်စောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက အလည်ချောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။