ကျေးသီး ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်( ၉ ) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို မြို့နယ်အခြေခံပညာရေးဦးစီးဌာနက ကြီးမှူးဆောင်ရွက်ပေးခြင်းဖြစ်ပြီး ( ၇၄ )နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “လွတ်လပ်ရေးအမွေနှင့်အနာဂါတ်မျိုးဆက်သစ်တို့တာဝန်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲကို “ထိန်းသိမ်းကြပေ လွတ်လပ်ရေးအမွေ” ခေါင်းစဉ်များဖြင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၆)ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြတ်မြတ်ထံမှ သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)