ပေါက်ခေါင်း ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ယနေ့နံနက်၉ နာရီက ၊(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအဖြစ် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အထက(ပေါက်ခေါင်း)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား စိတ်ကူးဉာဏ်ကောင်းမွန်စေရန်နှင့် အရောင်အသွေးခွဲခြားတတ်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ရာ၊ ကျောင်းသား၊ကျောင်းသူ(၁၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲအပြီးတွင် ကလေးများအတွက်ပျော်ပွဲ၊ရွှင်ပွဲအားကစားပြိုင်ပွဲအဖြစ် ပူဖောင်းဖေါက်ပြိုင်ပွဲနှင့်သားရေကွင်းစွပ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြိုင်ပွဲလာရောက် ယှဉ်ပြိုင်ကစားကြသူများကို ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ အမှတ်တရပစ္စည်းများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)