ရပ်စောက် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီ စာကုံး၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းနားကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ပြိုပွဲများပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်က “လွတ်လပ်ရေးနေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြော သည်။ ထို့နောက် (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ ဦးစီးအရာရှိဒေါ်ဆုမွန်ထွန်းနှင့် ဆရာမ များက စာစီစာကုံး၊ ပုံပြင်ပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)