ပန်းတောင်း ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်း အမှတ်အဖြစ် အားကစားပြိုင်ပွဲများကို အားကစားခန်းမ၌ ဇန်နဝါရီ၂ရက် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် အသင်း၁၄သင်း ပိုက်ကျော်ခြင်း ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ထိုသို့ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ကျောင်းသား/သူများမှ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ အားကစားစိတ်ဓာတ်ကို အရင်းခံ၍ အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ ဇွဲရှိမှုသည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိမှု၊ စည်းကမ်း လိုက်နာမှု၊ ယှဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံ့သားကောင်းများဖြစ်သော အရည်အသွေးကောင်းများ ရရှိလာစေရန်နှင့် လွတ်လပ်ရေးနေ့ အနှစ်သာရဖြစ်သော ပျော်ရွှင်မှုကို ခံစားရရှိစေရန် ရည်ရွယ်ကျင်းပပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)