သတင်းများ

ဘောလခဲမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား ကျင်းပ
Jan 06,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့နံနက်က ခရိုင်အုပ်ချုပ်ရေးမှူး ရုံးရှေ့၌ ကျင်းပသည်။
ချောင်းသာကမ်းခြေ သာယာလှပရေးနှင့် စျေးသည်များ စနစ်တကျရောင်းချစေရေး ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး
Jan 06,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ သာယာလှပစေရန်၊ စျေးသည်များစနစ်တကျ ရောင်းချမှုရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်အတွက် မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်၍ ယနေ့နံနက် ၉ နာရီက ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက ကွင်းဆင်းစစ် ဆေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
လောင်းလုံးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ သူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆို
Jan 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
မန်ကန်မြို့၌ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ဒေသခံပြည်သူများ ထပ်မံကွင်းဆင်းထိုးနှံပေး
Jan 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ဒေသခံ ပြည်သူများအား ပန်ကျုံရွာနှင့် ပန်ပွဲရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ငကွကျေးရွာအုပ်စုရှိ ပြည်သူ(၈၀) ဦးအား နိုင်ငံသားစိစစ် ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး
Jan 06,2022
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့်အညီ ယနေ့နံနက် နံနက်(၈)နာရီက ငကွကျေးရွာအုပ်စုရှိပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်း ဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေး
Jan 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ် သမဝါယမဦးစီးဌာနရုံး၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားနှင့် မုံရွာမြို့ အဆင့်မြင့် ကားကြီးကွင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jan 06,2022
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ဇန်နဝါရီလ (၄)ရက် နံနက်(၇)နာရီအချိန်တွင် မုံရွာမြို့ ကန်သာယာ ကျောက်တိုင်ကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများနှင့် ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထားဝယ်မြို့တွင်လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၅/၂ဝ၂၂)ဖွင့်လှစ်
Jan 06,2022
လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၅/၂ဝ၂၂)ကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ဖွင့်လှစ်ခဲ့သည်။