လောင်းလုံး ဇန်နဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲများဖြေဆိုရာ၌ လောင်းလုံးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၃၁)ကျောင်းအနက် မူလတန်းအဆင့်ကျောင်းသား/သူ ဦးရေ(၂၈၈)ဦး၊ အလယ်တန်း အဆင့်ကျောင်းသား/သူ ဦးရေ(၁၁၃)ဦး၊ အထက်တန်းအဆင့် ကျောင်းသား/သူ ဦးရေ (၂၃)ဦး၊ စုစုပေါင်း (၄၂၄)ဦးအား သက်ဆိုင်ရာ ကျေးရွာ စာသင်ကျောင်းများ၌ အသီးသီးဖြေဆိုခဲ့ကြောင်း လောင်းလုံးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သိန်းသိန်း (လောင်းလုံး)