အိမ်မဲ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ် သမဝါယမဦးစီးဌာနရုံး၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စာအုပ်စာစောင်များငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဝန်ထမ်းများအတွက် အိမ်မဲ မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ရုံးဌာနများအရောက် ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အညီသုတ၊ ရသ၊ ဝတ္တုနှင့် မဂ္ဂဇင်းများကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်များကိုအပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာကြည့်တိုက်အသင်းဝင်ကတ်ပြားများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)