ငွေဆောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ငကွကျေးရွာအုပ်စုရှိ ပြည်သူ(၈၀) ဦးအား နိုင်ငံသားစိစစ် ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

ငွေဆောင်   ဇန်နဝါရီ   ၅

 

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့်အညီ ယနေ့နံနက် နံနက်(၈)နာရီက ငကွကျေးရွာအုပ်စုရှိပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်း ဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ငွေဆောင်မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့ ရုံးဦးစီးမှူး ဦး‌ဇင်မင်းအောင်မှ ငကွကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၂၆)ဦး၊ အသက် (၁၈)နှစ်ပြည့် (၃၀)ဦး၊လဲလှယ်(၂၄)ဦးစုစုပေါင်း (၈၀)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မူမူ(ငွေဆောင်)