ချောင်းသာကမ်းခြေ သာယာလှပရေးနှင့် စျေးသည်များ စနစ်တကျရောင်းချစေရေး ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး

ချောင်းသာ ဇန်နဝါရီ ၅

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ သာယာလှပစေရန်၊ စျေးသည်များ စနစ်တကျ ရောင်းချမှုရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယနေ့နံနက် ၉ နာရီက ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များက ကွင်းဆင်းစစ် ဆေး အသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် မြို့စည်ပင်မှ တာဝန်ရှိသူများ၊  ဟိုတယ်ခရီးမှ တာဝန်ရှိသူများ၊ မြို့ပြန်/ဆက်ဝန်ထမ်းများ၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ် ဝန်ထမ်းများက ကမ်းခြေတွင် စျေးရောင်းချနေကြသော စျေးသည်များအား စျေးဆိုင်နေရာ များကို သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်း ပျော်ရွှင်စွာ  နားနေရေကစားနိုင်ရန်အတွက်တို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သန့်ရှင်းသာယာလှပသော ကမ်းခြေဖြစ် စေရန်နှင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းမြေ့စွာ လည်ပတ်နိုင်ရေးအတွက် ရည်ရွယ် ၍ စဉ်ဆက် မပြတ်  လှည့်လည်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချောင်းသာ (ပြန်/ဆက်)