သတင်းများ

တံတားမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 06,2022
ရန်ကုန်တိုင်ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြိုတွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ယနေ့နံနက် ၁၀ နာရီက တံတားမြို့ သုံးလောကထွဋ်ခေါင်မာရ်အောင် ရတနာဘုရားကြီးဝန်းအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားစတုတ္ထအသုတ်  ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Jan 06,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 
ဒိုက်ဦး​မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အားကစားခန်းမ၌ ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာ (WFP)မှာ စတုတ္ထအကြိမ်မြောက် စားနပ်ရိက္ခာထောက်ပံရေး အစီအစဉ်ဆောင်ရွက်
Jan 06,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်(WFP)၏ စတုတ္ထအကြိမ်မြောက် စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်အတွက်၊ အမှတ်(၁၁) ရပ်ကွက်အတွင်းရှိ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား မြေပြင်စီစစ်ခြင်းနှင့် ထောက်ပံ့ရန် လိုအပ်သော မိသားစုများအား စားနပ်ရိက္ခာ ထုတ်ယူနိုင်ရန်အတွက် တိုကင်စလစ်ပြားများ အိမ်တိုင်ရာရောက် ထုတ်ပေးခြင်း လုပ်ငန်းကို ယနေ့ (၅.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်ခန့်က စတင်၍ (WFP)မှ မြေပြင်ကွင်းဆင်းဝန်ထမ်း ဦးအောင်ကိုကို ဦးစီးသော အင်အား (၅၈)ဦးတို့မှ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦး ဦးစီးသော အင်အား(၃၂)ဦးတို့မှ လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 06,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် နိုဝင်ဘာ ၂ဝရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယ သုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင်  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ အချိန်မီလာရောက်ထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်‌ရေးနှင့် ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရေး  အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Welcome to LASHIO ဆိုင်းဘုတ် လားရှိုးမြို့၌တပ်ဆင်
Jan 06,2022
လားရှိုးမြို့ ရပ်ကွက် (၁၂) အေတီတံတားအနီး၌ Welcome to LASHIO ဆိုင်းဘုတ်ကို ဇန်နဝါရီ (၃) ရက်နေ့က လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနက ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးဆောင်ရွက်
Jan 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အားစနစ် ပိုမိုတိုးတက်ကောင်းမွန်လာရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။