ဂန့်ဂေါမြို့နယ် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်
Jan 29,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများစည်း ကမ်းလိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့် ပစ်ခြင်းမရှိစေရန် ရည်ရွယ်၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၈ နာရီက ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းနှင့် ဆေးရုံအဝင်/အထွက်နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။