ဘောလခဲ ဇန်နဝါရီ ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့နံနက်က ခရိုင်အုပ်ချုပ်ရေးမှူး ရုံးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂၀ ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား စုပေါင်းအလေးပြုကြသည်။
ထို့နောက် နံနက် ၇ နာရီတွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့နှင့် တက်ရောက်လာ ကြသူများက နိုင်ငံတော်အလံကို အလေးပြုကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သောလာသော သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။
ဇင်မာထွန်း