သတင်းများ

မြောက်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ နိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Jan 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် ကျရောက်သော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး အစည်းအဝေး ခန်းမအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျောက်တံခါးကျေးရွာ ကွန်ကရစ် လမ်းခင်း ခြင်း လုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သည့် ကျောက်တံခါးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ယနေ့ညနေ(၃)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အထက-ဘုတ်ပြင်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ကျပန်းစကားပြောပြိုင်ပွဲနှင့်ကာယ၊ ဉာဏ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင် ပွဲနှင့်ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 05,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာ ရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနား ကျင်းပပြုလုပ်
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊  မိုးကုတ်မြို့နယ်တွင်၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့၌ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အား ဂုဏ်ပြုသောအားဖြင့် သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ န၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ (ဒုတိယ)အကြိမ်မြောက် စာပေဟောပြောပွဲနှင့် အားကစားဆုချီးမြှင့်
Jan 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်စာရေးဆရာအသင်းနှင့် အနောက်လက်ပံခုန် ရပ်ကွက် ရပ်မိရပ်ဖများ၊ လူငယ်များ၊ စာပေချစ်မြတ်နိုးသူများ ပူးပေါင်း ကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် (ဒုတိယ)အကြိမ်မြောက် စာပေဟောပြောပွဲနှင့် အားကစားဆု ချီးမြင့်ခြင်းကို ယမန်နေ့ ည ၆ နာရီက သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဗိုလ်စိန်မှန်ပန်းခြံအတွင်းရှိ ပီမိုးနင်းစာကြည့်တိုက်ဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွင်ပွဲများ ကျင်းပ
Jan 05,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယနေ့နံနက် ၈နာရီခွဲအချိန်မှ စတင်ကာ အကစားဝါသနာရှင် လူငယ်၊ လူရွယ် မောင်မယ်များမှ ပျော်ရွင်အေးချမ်း သာယာစွာဖြင့် ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။
တုံတာမြို့၌ အသက်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jan 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။