သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွင်ပွဲများ ကျင်းပ
Jan 05,2022
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယနေ့နံနက် ၈နာရီခွဲအချိန်မှ စတင်ကာ အကစားဝါသနာရှင် လူငယ်၊ လူရွယ် မောင်မယ်များမှ ပျော်ရွင်အေးချမ်း သာယာစွာဖြင့် ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။
တုံတာမြို့၌ အသက်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jan 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါ ရပ်ကွက်များမှ ဆေးထိုးရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူ များအား ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေး နှိုးဆော်
Jan 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်- ၁၉ မျိုးကွဲဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း ပိတောက်ကုန်းကျေးရွာရှိ လူစည်ကားရာနေရာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးဖြစ်သူများအား စုရပ်အသီးသီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 05,2022
ပဲခူးတိုင်းဒေသကြီး၊‌ ပေါက်ခေါင်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံ
မြစ်သားမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကိုယနေ့ နံနက်(၈)နာရီက မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများက မြို့မစျေးနှင့် အခွန်လွတ်​စျေးအတွင်း သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်
Jan 05,2022
နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ခမောက်ကြီးမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများပြုလုပ်
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ခမောက်ကြီးမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများဖြစ်သော နိုင်ငံတော်အလံလွှတ်တင်ခြင်းနှင့် အလေးပြုခြင်း၊ နိုင်ငံတော်အကြီးအကဲ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်းများကို ယမန်နေ့၌ ပြု လုပ်ခဲ့သည်။