ကော့မှူးတွင်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးမှုများဆောင်ရွက်
Jan 06,2022
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းသွားလာ နေကြသူများအနေဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ၊ မရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသူများအား နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေခြင်းကို ယနေနံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။