ပလောက်မြို့တွင် “အမျိုးသမီးအခြေခံအပ်ချုပ်စက်(၂)လသင်တန်း၊အမှတ်စဉ်” (၂/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပလောက်   ဇန်နဝါရီ   ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၊ ဆင်ထိုးကြီးကျေးရွာ၌ ပုလောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်သော  ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ “အမျိုးသမီးအခြေခံ အပ်ချုပ်စက်(၂)လသင်တန်း၊ အမှတ်စဉ်” (၂/၂၀၂၂)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆင်ထိုးကြီးကျေးရွာ၊ အုပ်ချုပ်ရေး မှူးရုံးဟောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုက အမျိုးသမီးအခြေခံ အပ်ချုပ်စက် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များက သင်ထောက်ကူပစ္စည်းမျးကို လှည့်လှည်ကြည့်ရှု၍ သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါ အမျိုးသမီးအခြေခံ အပ်ချုပ်စက်သင်တန်းတွင် သင်တန်းသူ (၁၀) ဦးအား သင်တန်း ဆရာမ (၁) ဦးက သင်တန်းကာလ(၂)လအကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)