တနိုင်းမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ သူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများဖြေဆို

တနိုင်း  ဇန်နဝါရီ  ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ သူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခြင်းကို  ဇန်နဝါရီလ (၅)ရက်နေ့ နံနက် (၉) နာရီ အချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲများဖြေဆိုရာ၌ တစ်ရက်နှစ်ဘာသာဖြင့် တနိုင်းမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၃၇) ကျောင်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ကျား (၅၀၂၀) ၊မ (၅၀၉၅) ပေါင်း ( ၁၀၁၁၅) ဦးအား သက်ဆိုင်ရာ စာသင်ကျောင်းများ၌ အသီးသီးဖြေဆိုခဲ့ကြောင်း တနိုင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)