သရက်ချောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်

သရက်ချောင်း  ဇန်နဝါရီ    ၆

လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က ကတွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ် ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ကတွဲကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေပြည်သူ့များအား နိုင်ငံသား စိစစ်ရေးကပ်ပြားအသက်(၁၀)ပြည့်၊ အသက်(၁၈)နှစ်ပြည့်ပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်ပြည့် လဲလှည်ပေးခြင်းတို့အား  ပြုလုပ်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့်(၃၅)ဦး၊ အသက် (၁၈)နှစ်ပြည့်(၂)ဦး၊ နိုင်ငံသားစိစ်ရေးကပ်ပြားလဲလှည်(၃၃)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူ (၉)ဦး  စုစုပေါင်း(၇၉)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ(၃)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးနွယ်ဝင်း