မိုင်းရယ်၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်

မိုင်းရယ် ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဦးစီး၍ ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ကျေးလက် ဦးစီးဌာနရုံး၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ကျေးလက်ဦးစီးဌာနဦးစီးမှူး ဦးအုန်းမြင့်က ဒေသတွင်း ပြည်သူများ အသိပညာ အတတ်ပညာ တိုးပွားမှုရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး တို့ ကို ရည်ရွယ်၍ ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါ သင်တန်းတွင် သံဃာတော်များ၊ သင်တန်းသား/သူများ စုစုပေါင်း(၂၅)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလ တစ်လဖြင့် အနီးကပ် ပို့ချသင်ပြပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်ထိုက်