နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှု သိသိသာသာလျော့နည်းလာ
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု ၂•၅ ရာခိုင်နှုန်း ထိကျဆင်းလာကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှသိရသည်။