ကော့မှူး ဇန်နဝါရီ ၆
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းသွားလာ နေကြသူများအနေဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ၊ မရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသူများအား နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေခြင်းကို ယနေနံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာ ကြသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ စက်ဘီးများ၊ ဆိုက်ကားများ၊ ဂွန်ဒေါင်းများ တွင်စီးနင်းလိုက် ပါလာကြသည့် ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများ တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်လာကြသူများ အားအသိပညာပေးပြောကြားပြီး နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး