ဗန်းမော် ဇန်နဝါရီ ၆
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်မြို့နယ်စာကြည့်တိုက်ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဆွေးနွေးပွဲကို ယန့နံနက် ၁၀ နာရီကဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဌ ဦးအောင်ဝင်းက ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဒုတိယအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း မိမိတို့စာကြည့်တိုက် ကော်မတီအနေဖြင့် ဗန်းမော်မြို့ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်အား စာကြည့်တိုက် ငွေပဒေသာ ပင်တိုးပွားရေးနှင့် စာအုပ်စာစောင်များတိုးပွားရေးအတွက် မိမိတို့ကော်မတီက ယခုလမှ စတင်ပြီး အလှူငွေထည့်ဝင်ကြရန်နှင့် စာအုပ်စာစောင်များကို ပါဝင်လှူဒါန်းကြရန်၊ လှူဒါန်းရရှိမှုများကို စာကြည့်တိုက်တွင် စာဖတ်သူအကြိုက် စနစ်တကျဖြည့်တင်း နိုင်ရေးအဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက် ငွေပဒေသာပင်အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြသည်။
ယင်းနောက် မြို့နယ်စာကြည့်တိုက်ကော်မတီဝင် ဦးအောင်ကိုကိုလင်း (ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး)က စာကြည့်တိုက် စာအုပ်စာစောင် တိုးပွားရေးနှင့် အလှူငွေရရှိနိုင်ရေးအတွက် အလှူရှင်များ၊ ဌာနဆိုင်ရာများကို ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားပြီး မြို့နယ်စာကြည့်တိုက်ကော်မတီမှ အတွင်းရေးမှူး ဒေါ်မြသက်ဦးက လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအခြေ အနေကြောင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို သုတစာအုပ်မှလွဲ၍ စာဖတ်သူများအား ရသစာအုပ်များကို ငှားရမ်း ပေးနေကြောင်း ယခုကော်မတီဝင်များက စာကြည့်တိုက်ငွေပဒေသာပင်အတွက် ထည့်ဝင် လှူဒါန်းခဲ့ကြသည့် ငွေများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စာအုပ်စာစောင် အလှူရှင်များ တိုးပွားလာစေရန် ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာ သည့်ကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)