သတင်းများ

ဟိုင်းကြီးကျွန်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jan 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ပူပြင်းခြောက်သွေ့သောနွေရာသီရောက်တော့ မည်ဖြစ်၍   မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန် က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသိပညာပေး နှိုးဆော် ခြင်းများဆောင်ရွက်
Jan 06,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် (၈)နာရီမှ စတင်ကာ မြို့ပေါ်ရပ်ကွက်များသို့ ခရိုင် ပြန်ဆက်ဦးစီးဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ တို့ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆက်လက် အသိပေး နိူးဆော် ကြေငြာ ဆောင်ရွက်လျက်ရှိသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကရင်၊မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်
Jan 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန် မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။    
ကျောက်မဲမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 06,2022
ကျောက်မဲမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက်နေ့နံနက် ၉ နာရီ အချိန်မှစ၍  ကျောက်မဲမြို့၊ အမှတ် ၆ ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အဆိုပါကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့နယ်  ကွက်ငယ်ကျေးရွာတွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jan 06,2022
 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
ကလိန်အောင်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 06,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသောပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများ အားကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စနစ်တကျထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ပထမနှစ်ဝက်စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ 
Jan 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ပထမနှစ်ဝက်စာမေးပွဲကို ဇန်နဝါရီလ ၅ ရက်နေ့က ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဒုတိယမြောက်နေ့အဖြင့် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 
ငရုတ်ကောင်းမြို့တွင် ယာဉ်တိုက်မှု အန္တရာယ်လျော့ချနိုင်ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့တွင်ယာဥ္မတော်မဆမှုများကြောင့်ထိခိုက်သေဆုံးမှုများမရှိစေရေးအတွက် ဇန်နဝါရီ ၄ ရက်နေ့ နံနက်၁၀နာရီက မြို့အဝင်/အထွက်နှင့် လမ်းဆုံ၊ လမ်းခွများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။၊