ခန္တီး၌ စိုက်ပျိုးရေးသုံး ယူရီးယားဓါတ်မြေဩဇာများ ရောက်ရှိစစ်ဆေး
Jan 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ယူရီးယားဓါတ် မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူ အသုံးပြု နိုင်ရေးအတွက် ပထမအကြိမ်အဖြစ် ခွဲဝေပေးသည့် ယူရီးယားဓါတ်မြေဩဇာအိတ်(၂၀၀)အား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ သယ်ယူ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ကခန္တီးမြို့သို့ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဓါတ်မြေဩဇာ သယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီများမှ သွားရောက် စစ်ဆေး လက်ခံခဲ့ကြောင်း သိရသည်။