ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ Top Dairy Farm ပုဂ္ဂလိက နွားမွေးမြူရေးခြံအား ကြည့်ရှုအားပေး
Jan 09,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာ ကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာရှိ Top Dairy Farm ပုဂ္ဂလိကနွားမွေးမြူရေးခြံသို့ ရောက်ရှိလာရာ မအူပင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နို့စားနွားမွေးမြူရေး လုပ်ငန်း၊ နွားနို့ထုတ်လုပ် ရောင်းချနေမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမိုးမိုးခိုင်နှင့် လုပ်ငန်းရှင် ဦးမြတ်သိန်းထွန်း တို့က လိုက်လံရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။