သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား (၃) လတစ်ကြိမ် ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများအား အိမ်တိုင်ရာရောက်ပေးအပ်
Jan 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ် ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀) မှ အသက်(၈၅) နှစ်နှင့် အထက် ဘိုးဘွား (၄၉၄) ဦးအား ယမန်နေ့မှ စတင်ကာ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၈)နာရီမှ ညနေ (၃)နာရီအထိ  (ခ) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jan 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင်ငွေများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
ရန်ကင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ်အရောက် ထောက်ပံပေးအပ်
Jan 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းရှိ သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(၄)ပထမပွဲစဉ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ကျင်းပ
Jan 08,2022
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ အုပ်စု(၄) ပထမပွဲစဉ်ကို ယမန်နေ့ (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ရုံးဝင်းအတွင်း မနောတိုင်စိုက်ထူခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးရုံးဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး
Jan 07,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် မနောအက စုပေါင်းကနိုင်ရေးအတွက် ပြည်နယ်အစိုးရ ရုံးဝင်းအတွင်း မနောတိုင် စိုက်ထူခြင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်ပြီးစီး မှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၇ ရက် နံနက် ၈ နာရီတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ချောင်းဆုံ၌ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးခွဲသစ် အိုမီခရွန် ရောဂါကာကွယ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 07,2022
ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးခွဲသစ်အိုမီခရွန် ရောဂါကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်း က ချောင်းဆုံတိုးချဲ့ရပ်ကွက်တွင် (ဗီဇပြောင်း) မျိုးခွဲသစ် အိုမီခရွန် ရောဂါကာကွယ် နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန( Community Centre ) ခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် Omicron ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲ ပြုလုပ်
Jan 07,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် Omicron ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ပြသခြင်း နှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။