ငပုတောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း ( အခြေခံအဆင့်) ကြက်ခြေနီ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်

ငပုတော          ဇန်နဝါရီ    ၇ 

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ငပုတောမြို့နယ်  ဟင်းအိုးချောင်းကျေးရွာအုပ်စု  ရေငံ သရက် ကုန်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း( ခွဲ) အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း က ရှေးဦးသူနာပြုစုခြင်း ( အခြေခံအဆင့်) ကြက်ခြေနီသင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှုး  ဦးသန့်ဇင်  ဒေါ်ခင်အေးအေးနိုင်နှင့် လပွတ္တာမြို့နယ်မှ ဦးအောင်လင်းဆွေတို့က   ဇန်နဝါရီလ  ၄ ရက်နေ့မှ ၆ ရက်နေ့ထိ  ၃  ရက်တာအတွင်း ရှေးဦးသူနာပြုစုခြင်းများကို စာတွေ့ လက်တွေ့  သင်ကြားပေးပြီးနောက် သင်တန်းသား သင်တန်းသူများအား ရေးဖြေ နုတ်ဖြေ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုးတင့်နှင့် ကျေးရွာအုပ်ချုပ်ရေးမှုး မန်းကျော်သက်တို့က  သင်တန်းဆင်း အမှာစကားများ ပြောကြားပြီးနောက် သင်တန်းသား  သင်တန်းသူ   ၄၀   ဦးတို့အား  သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း  သိရသည်။ 

 နုနုအေး