သတင်းများ

ပိုင်ကျုံမြို့ အမှတ်(၄) ရပ်ကွက် သီတာအေးလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး
Jan 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေ ပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၂၂.၅၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီတာအေးလမ်းတွင် ကွန်ကရစ်လမ်း လုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၃ ရက်‌နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်မူ ရာနှုန်းပြည့်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား Mask များ အခမဲ့ဖြန့်ဝေပေး
Jan 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ထမ်းများက နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အမှတ်(၁၁)ရပ်ကွက်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့မှ လိုအပ်လျက်ရှိသော အိမ်ထောင်စုများ ဆန်များထောက်ပံ့ပေး
Jan 08,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်နှင့် အသက်(၅)နှစ်နှင့် အောက် ကလေးသူငယ် များအား အာဟာရထောက်ပံ့ခြင်းကို  ယမန်နေ့ နံနက် (၉)နာရီအချိန်က စတင်၍ ဆောင်ရွက် ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကိုကိုတို့ ဦးဆောင်သော အင်အား(၅၈)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် စစ်တုရင်ပြိုင်ပွဲကျင်းပ
Jan 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ကျင်းပခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြို တင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 08,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့ ညနေ (၃) နာရီအချိန်က အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ
Jan 08,2022
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရခိုင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
Jan 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မုန်းသီတာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။