ရေတာရှည်မြို့နယ်တွင် ဆောင်ရွက်ပြီးစီးသော ကုန်ထုတ်လမ်းများ ကွင်းဆင်းစစ်ဆေး
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ခင်တန်းကြီးကျေးရွာအုပ်စု၊ ကျောက်ချောင်း ကျေးရွာ၌ အရှည် ၁၆၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့်ထု ၉ လက်မရှိ ကျောက်ချောကုန် ထုတ်လမ်းအား ကျပ် ၃၃၀ သိန်းဖြင့်လည်းကောင်း ရဲကုန်းကျေးရွာအုပ်စု၊ အေးကြီး အထက်ရွာတွင် အရှည်တစ်မိုင် နှစ်ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့်ထု ၂ ပေ ရှိ မြေသားကုန် ထုတ်လမ်းအား ကျပ် ၁၀၁ ဒသမ ၀၁ သန်းဖြင့်လည်းကောင်း ဆောင်ရွက်ပြီးစီးသွားခဲ့ပြီဖြစ် သည်။