မိုင်းရယ်မြို့နယ်၌ ကျေးရွာများအရောက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ မြို့နယ်ကျေးရွာများရှိ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများ စသည့် စုရပ်အသီးသီးတို့တွင် ဦးတည်အုပ်စုများ အလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မန်ဖိုင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဟိုယကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ခိုင်ဆိုင်းကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။