ကလေးဝမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ပြုလုပ်

ကလေးဝ ဇန်နဝါရီ  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ပေးအပ်ပွဲကို ယနေ့  နံနက်  ၁၀  နာရီ က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ   နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဇော်မိုးအောင် က  အဖွင့်အမှာစကားပြောကြား၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရေချမ်း က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ကျေးရွာအုပ်စု ၁၂ အုပ်စုရှိ  ကျောင်းသား/ကျောင်းသူ  ၇၂၉  ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စု စာရေးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)