သထုံ ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ ကာရာအိုကေဆိုင်များ မီးဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းရှိမရှိကို ယမန်နေ့မွန်းလွဲပိုင်း က တာဝန်ရှိသူများပူးပေါင်း၍ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကာရာအိုကေနှင့် စားသောက်ဆိုင်များကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေးမှူးများတို့က သထုံမြို့ပေါ်ရှိရပ်ကွက်များနှင့် နောင်ကုလား၊ ပေါ်တော်မူ၊ မြေနီကုန်း၊ ထောင်မှူးကျေးရွာအုပ်စုများရှိ ကာရာအိုကေဆိုင်နှင့် စားသောက်ဆိုင်များတို့အား ယစ်မျိုးလိုင်စင်၊ ကာရာအိုကေလုပ်ငန်းလိုင်စင် ရှိ/မရှိ၊ စည်ပင်လိုင်စင်စည်းကမ်းချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ၊ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျဆက်သွယ်တပ်ဆင်မှု အခြေအနေများ၊ အသံလုံခြုံမှု ရှိ/မရှိ၊ အမှိုက်သရိုက်များစနစ်တကျစွန့်ပစ်မှု ရှိ/မရှိ၊ ကာရာအိုကေနှင့်စားသောက်ဆိုင် ဝန်ထမ်းများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ/မရှိ စသည်တို့အား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်တို့ကိုဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)